မင်းသမီးလေး Anneက တော်ဝင်အနွယ်ဝင် စစ်ဦးစီးချုပ်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး ဘာဆင်းရဲဒုက္ခမှမသိဘဲ အေးချမ်းသာယာစွာ ကြီးပြင်းလာခဲ့ကာ ရိုးသားဖြူစင်တဲ့ အမျိုးသမီးလေး ဖြစ်ပါတယ် သူမဟာ သူမဖခင်ရဲ့ ယုံကြည်စိတ်ချရဆုံး လက်အောက်ငယ်သား ဖြစ်သူ Heiner ကို အစစ်အမှန် ချစ်မြတ်နိုးပြီး လက်ထပ်ခဲ့ပါတယ် Anneဟာ သူမရဲ့ အိမ်ထောင်ရေးကို ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့ပေမယ့် အမှန်တကယ်မှာ Heiner ရဲ့ ချစ်ခြင်းမေတ္တာများ အားလုံးက သူမဖခင်နှင့် သူမရဲ့ တော်ဝင်မျိုးနွယ်စုအပေါ် ကလဲ့စားချေရန် သေချာစွာ စီစဉ်ထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်ခဲ့ပါတယ် Heiner ဦးဆောင်တဲ့ စစ်တပ်က တော်လှန်ရေး အာဏာသိမ်းမှုကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးနောက် Annet ဖခင်မှာ သေဆုံးသွားကာ မိသားစုတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး အပြစ်မဲ့တဲ့ Annette ဟာလည်း သွေးစုပ်ဖာဆစ် တော်ဝင်မျိုးနွယ်အဖြစ် လူထုရဲ့မုန်းတီးရွံရှာမှုကို တစ်ကိုယ်တည်း ခံခဲ့ရပါတယ် အာဏာရလာတဲ့ Heiner ဟာ Anne ကို ကွာရှင်းခွင့်မပေးဘဲ နာကျင်မှုနှင့် အမုန်းတရားများကြားမှာစိတ်ပိုင်းဆိုင်ရာ နှိပ်စက်ကာ သူမကို ဇနီးအဖြစ် ဆက်လက် ချုပ်နှောင်ထားပြီး...