Min Ji ဟာ Henricksen မိသားစုမှာ မွေးစားခံရပြီး Lia Henricksen နာမည်နဲ့ နေထိုင်လာခဲ့တယ် သူမဟာမွေးစားမိခင်ရဲ့ အငယ်ဆုံးအတွင်းရေးမှူးအဖြစ် လုပ်ကိုင်ရပြီး ဆက်ဆံရေးမှာသခင်နှင့် ကျွန်ဆက်ဆံရေးလိုသာ ဖြစ်နေခဲ့တယ် အသက်အရွယ်ကြီးလာချိန်မှာ Lia ဟာ အဲ့အိမ်က ထွက်ခွာပြီး သူမ ပြန်ရောက်ချိန်မှာတော့ အခြေအနေဟာ အရင်ရှိခဲ့ချိန်ကနဲ့ မတူညီခဲ့သလို သူမရဲ့ မွေးစားမိဘ နှစ်ယောက်လုံးဟာလဲ အသတ်ခံလိုက်ရပြီ တရားခံဟာ သူမမိသားစု တစ်ခုလုံးကို သတ်ချင်နေတာဆိုတော့ကာ... အဲ့အချိန် သူမကို Ivan Yelcka ဆိုတဲ့ စမက်ကျကျစတိုင်မိုက်မိုက် ခန့်ချောကြီးက လက်ထိပ်ခတ်ပြီး ခေါ်ယူ စောင့်ရှောက်ထားလိုက်တယ် ဒါပေမယ့် အချိန်တစ်ခုအတွင်း Ivan ဟာ Cia ဖြစ်မှန်း Lia သိသွားချိန်မှာတော့ သူမ ဘာဆက်လုပ်မလဲ ဒီတိုင်းပိတ်လှောင်ခံခြင်းကိုဘဲ ခံရတော့မှာလား လွှတ်မြောက်နိုင်ပါ့မလား သူတိုနှစ်ယောက် ဆက်ဆံရေးကကော ဘယ်လိုဖြစ်လာမှာလဲ...
No Chapter