နေ့စဉ်နှင့်အမျှ ရိက္ခာရှာဖွေရန်အတွက် မုဆိုးမ မိဟျန် (Mihyang) တစ်ယောက် ဆန်မုန့်များ သယ်ဆောင်ကာ တောင်ကို ဖြတ်ကျော်ရောင်းချနေရသည်။ သို့သော် ထိုနေ့တွင်မူ ကံဆိုးချင်တော့ သူမသည် ကြောက်မက်ဖွယ်ကောင်းသော ကျားနတ်ဆိုး တစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။ “မင်းရဲ့ဆန်မုန့်ကို ကိုယ်တစ်ချက်လောက် ထောင်းခွင့်ပေးလိုက်ရင်၊ ကိုယ်မင်းကို မစားတော့ဘူးလေ~” ထိုသို့သော ရူးကြောင်ကြောင် စကားကို ကြားလိုက်ရချိန်တွင် မိဟျန်တစ်ယောက် အံ့သြသွားသည်။ သူဆိုလိုသည့် "ဆန်မုန့်" ဆိုသည်မှာ ရိုးရိုးမုန့်ကို ဆိုလိုခြင်း ဟုတ်ရဲ့လား? သို့မဟုတ်... လူမမယ် ကလေးလေးများ အိမ်တွင် စောင့်မျှော်နေချိန်၊ အကူအညီတောင်းစရာ လူသူကင်းမဲ့လှသည့် တောနက်ကြီးထဲတွင် သူမ တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။ သို့သော် အကြီးမားဆုံး ပြဿနာမှာ ထိုကျားနတ်ဆိုးသည် သူမထင်ထားသည်ထက် ပိုမိုချောမောခန့်ညားနေခြင်းပင်။ ကျယ်ပြန့်သော ပခုံးပြင်၊ သန်မာတောင့်တင်းသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် တဖိတ်ဖိတ်တောက်နေသော ရွှေရောင်မျက်ဝန်းပိုင်ရှင်... လွတ်မြောက်ရန် လမ်းစမရှိတော့ဘဲ အိမ်တွင် ချစ်စရာ ကလေးငယ်များက စောင့်ဆိုင်းနေချိန်၊ ၎င်းတို့ထံ အသက်ရှင်လျက် ပြန်သွားနိုင်ရန်အတွက် မိဟျန်တစ်ယောက် မိမိရှေ့တွင် ရှိနေသော ကျားသစ်ဘီလူးကို ကျော်ဖြတ်ရန်သာ ရှိတော့သည်။ ခဏတာ တွေဝေသွားပြီးနောက် မိဟျန်တစ်ယောက် နောက်ဆုံးတွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်...