ဗီရိုတစ္ဆေက ဇာတ်လိုက်အမျိုးသား ဖြစ်လာမယ့် Dedrickကို ကြောက်လန့်အောင် ခြောက်လှန့်ပြီး နှိပ်စက်ရမယ့်တာဝန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီတစ္ဆေရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဉ်ဝင်လာတဲ့ အဓိကဇာတ်ကောင်ကတော့ မူလဇာတ်လမ်းအတိုင်း မလုပ်ဘဲ Dedrickကို ကာကွယ်ပေးမိသွားပါတယ်။ Dedrickကလည်း သူ့ရဲ့ ငရဲလိုဘဝထဲကို ရုတ်တရက်ဝင်လာပြီး သူ့ကို ကယ်တင်ပေးခဲ့တဲ့ ဒီထူးဆန်းတဲ့တစ္ဆေမလေးကို ကြောက်ရမယ့်အစား အလွန်တရာ အဖိုးတန်တဲ့၊ သူ့ပိုင်ဆိုင်မှုတစ်ခုလို ချစ်ခင်တွယ်တာလာပါတော့တယ်။ အပြင်ပန်းမှာ ကြောက်စရာကောင်းတဲ့ တစ္ဆေမလေးဖြစ်ပေမဲ့ Dedrickရဲ့မျက်စိထဲမှာတော့ အလှပဆုံးနဲ့ တစ်ဦးတည်းသော သူ့ရဲ့ "အိမ်မွေးဘီလူးလေး" ဖြစ်လာပါတော့တယ်