ရည်းစားနဲ့ လမ်းခွဲပြီး စိတ်ဓာတ်ကျနေတဲ့ So-young ဟာ တစ်ခွန်းစကားနဲ့ပဲ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်မိပါတယ်။ သူမ လိုချင်တဲ့ စံနှုန်းအတိုင်း "ချောမော၊ သန်မာ၊ သန့်ရှင်းတဲ့" ယောက်ျားတစ်ယောက် ပေါ်လာခဲ့ပေမဲ့… သူကတော့ So-young ရဲ့ မျက်လုံးထဲမှာ ကလေးတစ်ယောက်လိုပဲ ရှိနေတဲ့ အိမ်နီးချင်းမောင်လေး Kwon Taek ပါ။ငယ်ငယ်က အစ်မနဲ့ မောင်လေး ဆက်ဆံရေးကနေ အခုတော့ စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းဆီကို သူတို့ ဘယ်လို ကူးပြောင်းကြမလဲ? ညတိုင်းလိုလို ဆုံတွေ့နေရတဲ့ အိမ်နီးချင်းနှစ်ယောက်ကြားက "လျှို့ဝှက်ချက်" က ဘာများဖြစ်မလဲ?