ဇာတ်ကောင်မင်သမီး Lily (လီလီ) ဟာ စုန်းမတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက သူမရဲ့ ရွာကို စုန်းအတတ်နှိမ်နင်းသူတွေက ဖျက်ဆီးခဲ့တာကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ အတိတ်တွေ ရှိခဲ့ပါတယ်။ သူမဟာ ဘုရင် Faust (ဖော့စ်) ရဲ့ လက်အောက်မှာ အကျဉ်းသားတစ်ဦးလို နေထိုင်ရပြီး၊ ဘုရင်က သူမရဲ့ စုန်းအစွမ်းကို အသုံးချပြီး သူ့ရဲ့ရန်သူတွေကို သတ်ဖြတ်ခိုင်းလေ့ရှိပါတယ်။ လီလီဟာ သူမရဲ့ အစွမ်းကြောင့် လူသတ်လက်နက်တစ်ခုလို ဖြစ်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရပြီး နန်းတော်ထဲမှာ တစ်ကိုယ်တည်း အထီးကျန်စွာ ရှင်သန်နေရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ Jack (ဂျက်) လို့ခေါ်တဲ့ နန်းတွင်းလူရွှင်တော် (Court Jester) အသစ်တစ်ယောက်နဲ့ တွေ့ဆုံမိပါတယ်။ ဂျက်ဟာ အခြားသူတွေလို လီလီကို စုန်းမတစ်ယောက်အနေနဲ့ ကြောက်ရွံ့ခြင်းမရှိဘဲ သူမကို လူသားတစ်ယောက်လို နွေးထွေးစွာ ဆက်ဆံပေးခဲ့ပါတယ်။ သူတို့နှစ်ဦးကြားက သံယောဇဉ် တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ လီလီဟာ သူမရဲ့ လွတ်လပ်ခွင့်အတွက် ကြိုးစားဖို့ အားအင်တွေ ရရှိလာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ လျှို့ဝှက်ချက်တွေ၊ နန်းတွင်းလုပ်ကြံမှုတွေနဲ့ ဘုရင် Faust ရဲ့ ရက်စက်တဲ့ ထိန်းချုပ်မှုတွေက အဟန့်အတား ဖြစ်နေခဲ့ပေမယ့်လဲ စုန်းမလေးတစ်ယောက်က သူမကို တန်ဖိုးထားတဲ့ လူတစ်ယောက်ကြောင့် ဘဝကို အသစ်က ပြန်စဖို့ ကြိုးစားရင်း လူနဲ့စုန်းမကြား နက်ရှိုင်းတဲ့အချစ်ဇာတ်လမ်းကိုဖတ်ရူရမှာပါ