မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ အမျိုးသမီးလေးတစ်ယောက်က စစ်မှန်တဲ့အချစ်ကို ရှာတွေ့ပြီး ဘဝကို ဘယ်လိုပြောင်းလဲပစ်လဲဆိုတာ မင်းသမီးနာမည်က(Maxi) နယ်စားကြီးတစ်ဦးရဲ့ သမီးဖြစ်ပေမဲ့ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ နှိပ်စက်မှုကို ခံခဲ့ရသူပါ။ သူမဟာ စကားထစ်တဲ့ ဝေဒနာ ခံစားနေရပြီး အမြဲတမ်း ကြောက်လန့်နေတတ်တဲ့အပြင် မိမိကိုယ်ကိုယ်လည်း အသုံးမကျဘူးလို့ အမြဲယူဆထားသူ ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ နဂါးကို သွားရောက်နှိမ်နင်းရမယ့် တာဝန်ကနေ လွတ်မြောက်ဖို့အတွက် Maxi ကို နိမ့်ကျတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ စစ်သည်တော် Riftan Calypse နဲ့ အတင်းအကြပ် လက်ထပ်ပေးလိုက်ပါတယ်။ မင်္ဂလာဆောင်ပြီး တစ်ညအကြာမှာပဲ Riftan ဟာ စစ်မြေပြင်ကို ထွက်ခွာသွားခဲ့ပြီး (၃) နှစ်တိုင်အောင် ပျောက်ကွယ်နေခဲ့ပါတယ်။ (၃) နှစ်အကြာမှာတော့ Riftan ဟာ နဂါးကို သတ်နိုင်ခဲ့တဲ့ နာမည်ကျော် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပြန်လာခဲ့ပါတယ်။ အားလုံးက သူတို့နှစ်ယောက် ကွာရှင်းကြလိမ့်မယ်လို့ ထင်ကြပေမဲ့ Riftan ကတော့ Maxi ကို သူပိုင်ဆိုင်တဲ့ နယ်မြေ (Anatol) ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အကြောက်တရားတွေကြားမှာ ကြီးပြင်းလာတဲ့ Maxi တစ်ယောက် Riftan ရဲ့ ဂရုစိုက်မှု၊ အချစ်တွေကြောင့် တစ်ဖြည်းဖြည်း ယုံကြည်မှုရှိလာပြီး မှော်ပညာကိုပါ သင်ယူကာ အားကိုးထိုက်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ် ကြမ်းတမ်းတဲ့ စစ်သည်တော်ကြီး Riftan ဟာ Maxi နဲ့ ပတ်သက်ရင် ဘယ်လောက်ထိ နူးညံ့ပြီး အကာအကွယ်ပေးတဲ့အပြင် စိန်ခေါ်မှုများစွာနဲ့ သူတို့နှစ်ယောက်ကြားက နားလည်မှုလွဲတာတွေ၊ လူမှုရေးအတားအဆီးတွေနဲ့ စစ်ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ ဒီဇာတ်လမ်းက Romance သီးသန့်တင်မဟုတ်ဘဲ Character Development (ဇာတ်ကောင်ရဲ့ တိုးတက်ပြောင်းလဲမှု) ကို အရမ်းဦးစားပေးတဲ့အတွက် ဖတ်ရတာ တန်ဖိုးရှိတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။